
TWLP Consortium ဧ၊်ယဉ်ကျေးမှုဆိုင်ရာ အခြေခံတန်ဖိုးများ
TWLP Consortium ၏ “Water for Peace and Climate Change Resilience” seminar series season-II (2026-2027) စတင်တော့မည်ဖြစကြောင်း ကြေငြာအပ်ပါသည်။
TWLP Consortium ၏ အောင်မြင်မှုသည် အောက်ပါ ယဉ်ကျေးမှုတန်ဖိုးများအပေါ် အခြေခံရျ် တည်ဆောက်ထားပါသည်။
၁။ ပွင့်လင်းမြင်သာမှု (Transparency)
၂။ တည်ကြည်မှုနှင့် ယုံကြည်စိတ်ချရမှု (Integrity)
၃။ ရိုးသားမှု (Honesty)
၄။ အပြန်အလှန် လေးစားမှု (Mutual Respect)
၅။ လူ့အဖွဲ့အစည်း စိတ်ဓာတ်နှင့် တစ်စိတ်တစ်ဝမ်းတည်းရှိမှု (Community-based Spirit & Sense of Belonging)
===================
TWLP Consortium’s Community Culture
1. Transparency
2. Integrity
3. Honestly 4. Respect
5. Community-based /Belonging
===================
စိုက်ပျိုးရေးအင်ဂျင်နီယာပညာရပ်အကျဉ်းချုပ်တင်ပြချက်
စိုက်ပျိုးရေးအင်ဂျင်နီယာပညာသည် စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှုကဏ္ဍတွင် အင်ဂျင်နီယာနည်းပညာများနှင့် သိပ္ပံအခြေခံမူများကို ပေါင်းစပ်အသုံးချရန် အရေးကြီးသည့် ဘက်စုံပညာရပ်တစ်ရပ် ဖြစ်ပါသည်။
ဤပညာရပ်သည် Civil, Mechanical, Chemical နှင့် Software Engineering တို့ကို ဇီဝဗေဒပညာနှင့် ပေါင်းစပ်ကာ စိုက်ပျိုးရေးထိရောက်မှု မြှင့်တင်ခြင်း၊ တည်တံ့ခိုင်မြဲသော စက်ကိရိယာများ ဖန်တီးခြင်းနှင့် မြေ၊ ရေစသည့် သဘာဝအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အထောက်အကူပြုပါသည်။
ဤနယ်ပယ်၏ အဓိကအာရုံစိုက်ရမည့် ကဏ္ဍများမှာ၊
(၁) စက်ယန္တရားနှင့် ကိရိယာများ (Machinery & Equipment)
စက်မှုလယ်ယာသုံးထွန်စက်များ၊
(Tractors)၊ ရိတ်သိမ်းစက်များနှင့် တိကျသော စိုက်ပျိုးရေးကိရိယာများကို ဒီဇိုင်းဆွဲခြင်းနှင့် အလိုအလျောက်လုပ်ဆောင်နိုင်သည့် automating Tractors များ အသုံးပြုခြင်းအားဖြင့်၊ စိုက်ပျိုးရေးကဏ္ဏထုတ်လုပ်မှုကို တိုးမြှင့် နိုင်ကာ၊လုပ်အားနှင့် လောင်စာအသုံးစရိတ်ကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
(၂) မြေနှင့် ရေစီမံခန့်ခွဲမှု (Soil & Water Management)
ဆည်မြောင်းစနစ်များ၊ ရေစီးဆင်းမှုထိန်းချုပ်စနစ်များနှင့် ရေအဝန်းဒေသ စီမံချက်များကို ဖန်တီးကာ မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပြီး ရေအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်စေပါသည်။
(၃) ရိတ်သိမ်းပြီးနောက် လုပ်ငန်းစဉ်များနှင့် သိမ်းဆည်းမှု၊ သိုလှောင်ဂိုဒေါင်များ၊ (Post-Harvest & Storage )
အပူချိန်ထိန်းညှိစနစ်များနှင့် အစားအစာထုတ်လုပ်ရေးစက်ရုံများကို အင်ဂျင်နီယာနည်းဖြင့် ဖန်တီးခြင်းအားဖြင့် အစားအစာဆုံးရှုံးမှုကို လျှော့ချနိုင်ပါသည်။ (food processing facilities to minimize post-harvest food waste)
(၄) ပတ်ဝန်းကျင်ထိန်းချုပ်မှု (Environmental Control)
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ဇီဝစွမ်းအင်အသုံးချမှုနှင့် မွေးမြူရေးအဆောက်အအုံများကို တည်တံ့သောနည်းလမ်းများဖြင့် တည်ဆောက်ကာ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချနိုင်ပါသည်။
ထို့ပြင် ဤနယ်ပယ်၏ အနာဂတ်တိုးတက်မှုများနှင့် သုတေသနရလဒ်များကို လေ့လာလိုပါက “Journal of Agricultural Engineering” ကဲ့သို့သော ပညာရပ်ဆိုင်ရာ မဂ္ဂဇင်းများကို ကိုးကားနိုင်ပါသည်။
ဆွေးနွေးပွဲတွင် အောက်ပါ အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။
(၁) စိုက်ပျိုးရေးအင်ဂျင်နီယာပညာကို လေ့လာခြင်း(Agricultural Engineering)
*ဥပမာ— ဘွဲ့ ဒီဂရီပညာရပ်အစီအစဉ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊
(၂) စိုက်ပျိုးရေးဆိုင်ရာ ပြဿနာတစ်ရပ်ကို လက်တွေ့ ဖြေရှင်းခြင်း(Solve a specific farming challenge )
*ဥပမာ— ဆည်မြောင်းဒီဇိုင်း၊ စက်ယန္တရားရွေးချယ်မှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊
===================
Overview of the Agricultural Engineering Seminar
Prepared by Prof. Dr. Khin Ni Ni Thein for the first seminar of Season II (2026-2027) seminar series by the TWLP Consortium
Agricultural engineering is the multidisciplinary field that applies engineering design and science principles to farming and food production. By integrating civil, mechanical, chemical, and software engineering with biological sciences, professionals in this discipline improve farm efficiency, develop sustainable machinery, and manage natural resources like soil and water.
The field spans several key areas of focus:
Machinery & Equipment: Designing and automating tractors, harvesters, and precision agriculture equipment to increase yield while reducing labor and fuel consumption.
Soil & Water Management: Developing efficient irrigation networks, drainage systems, and watershed management plans to prevent soil erosion and conserve water.
Post-Harvest & Storage: Engineering reliable grain silos, climate-controlled storage, and food processing facilities to minimize post-harvest food waste.
Environmental Control: Creating sustainable waste management systems, bio-energy solutions, and livestock housing that minimize the ecological footprint of agribusinesses.
To explore the theoretical and applied research shaping the future of this industry, refer to the Journal of Agricultural Engineering.
We can focus on two aspects at the seminar.
These are:
Study Agricultural Engineering (e.g., degree programs, career outlook)
Solve a specific farming challenge (e.g., irrigation design, machinery selection, waste management)
===================

























































