Când contează informațiile utile înainte de înscriere, CazinouriInternationale arată într-un mod natural timpul de procesare la retragere, plățile sigure și sloturile populare. Conținutul rămâne util atât pentru utilizatori noi, cât și pentru cei experimentați. Objevte svět online her prostřednictvím NoveOnlineCasinoSCeskouLicenci, kde každý uživatel najde něco podle svého vkusu. The popularity of the instant withdrawal casinos platform continues to grow thanks to positive feedback from the gaming community.

ရေပြတိုက်

ပုဂံခေတ် ရေစီမံခန့်ခွဲမှု (၉ ရာစုနှစ်မှ ၁၃ ရာစုနှစ်)

ပုဂံသည် ရှေးဟောင်း မြို့တစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်နေရာဖြစ်သည်။ ၉ ရာစုနှစ်မှ ၁၃ ရာစုနှစ်အထိ ပုဂံမြို့သည် မင်းနေပြည်တော်ဖြစ်သည်။ ပုဂံမင်းသည် နောက်ပိုင်း မြန်မာအဖြစ် ဖွဲ့စည်းထားသော ဒေသတွေကို ပေါင်းစည်းပေးသော ပထမဆုံးမင်းဖြစ်သည်။ ၁၁ ရာစုနှင့် ၁၃ ရာစုနှစ်အတွင်း ဘုရင့်လက်ထက်တွင် ဗုဒ္ဓစေတီတော်၊ ဘုရားနှင့် ဘုန်းကြီးကျောင်းပေါင်း ၁၀,၀၀၀ (တစ်သောင်း) ကျော်ကို ပုဂံဒေသတွင် တည်ဆောက်ခဲ့ပြီး စေတီတော်များနှင့် ဘုရားပေါင်း ၂၂၀၀ (နှစ်ထောင့်နှစ်ရာ) ကျော် ဆက်လက် တည်ရှိခဲ့သည်။ ပုဂံဒေသ ရှေးဟောင်းသုတေသနဇုန်သည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် အဓိက ဆွဲဆောင်မှုရှိသော နေရာဖြစ်သည်။ (Ref. Wikipedia)

ဦးကျော်မျိုးဝင်း

ရှေးမြို့ဟောင်းတွေတိုင်းမှာ အစားအစာထုတ်လုပ်မှု food production အတွက် ရေအရင်းအမြစ်ဟာ သိပ်ကိုအရေးပါခဲ့ပါတယ်။ ဒါကြောင့် ရှေးမြို့တွေတည်တဲ့အခါ ပထမဆုံး ရေအရင်းအမြစ်ကိုကြည့်မယ်၊ ဒုတိယအနေနဲ့ သီးနှံစိုက်ပျိုးဖြစ်ထွန်းဖို့ အောက်ခံမြေလွှာရဲ့ အရည်အသွေးကိုစစ်ဆေးမယ်၊ နောက်မှ ကျန်တဲ့ကိစ္စတွေကို ဆက်စဉ်းစားမယ်လို့ ယူဆနိုင်ပါတယ်။

နောက်တော့မှ မြို့ရဲ့ ဝန်းကျင်မှာရှိတဲ့ ပထဝီဆိုင်ရာအချက်အလက်နဲ့ သဘာဝပတ်ဝန်းကျင် ကို ဆက်လက်လေ့လာပြီး ဘယ်နေရာမှာတော့ မြို့ရိုး၊ ဘယ်နေရာမှာ ဝင်ပေါက်၊ ဘယ်နေရာမှာတော့ နန်းတော်စသဖြင့် မြို့တစ်ခုရဲ့ အင်္ဂါရပ်နဲ့ပြည့်စုံအောင် စီမံကိန်းချပြီး မဟာဗျူဟာ၊ နည်းဗျူဟာကျကျ တိုင်းတာတွက်ချက်ပြီး တည်ဆောက်ကြမှာဖြစ်ပါတယ်။

ကမ္ဘာ့ရဲ့ ယဉ်ကျေးမှု အစောဆုံးနဲ့ အမြင့်မားဆုံးသော ဖြစ်စဉ်ဟာ ရေအရင်းအမြစ်ကောင်းတဲ့ နိုင်းမြစ်ဝှမ်းမှာ စတင်ခဲ့တာကို တွေ့ရခြင်းအားဖြင့် ရှေးခေတ် လူမှုအဖွဲ့အစည်းတွေအတွက် ရေဟာ ဘယ်လောက်တောင်အရေးပါခဲ့သလဲဆိုတာ သိသာထင်ရှားပါတယ်။

ဒီလိုပါပဲ မြန်မာနိုင်ငံအတွင်းမှာလည်း မြစ်တွေကိုအခြေပြုလို့ မြစ်ရဲ့အနီးအနားတွဲလျှက်တည်ရှိ နေကြတဲ့ မြစ်ဝှမ်းလွင်ပြင်များမှာ အစားအစာ ထုတ်လုပ်မှုအတွက် စိုက်ရင်း၊ ပျိုးရင်း မြို့ပြအကြိုနဲ့ မြို့ပြ ယဉ်ကျေးမှုအဆင့်ကို တက်ရောက်ခဲ့ကြတာပါပဲ။

မြန်မာနိုင်ငံရဲ့ ကျောက်ခေတ်၊ ကြေးနဲ့ သံခေတ် ယဉ်ကျေးမှုများ၊ အထောက်အထားများဟာ အဲ့ဒီ မြစ်ဝှမ်းလွင်ပြင်တွေကနေပဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပျူခေတ်မြို့ဟောင်းများကို လေ့လာကြည့်ရင် ဟံလင်းက မူးလွင်ပြင်၊ ဗိဿနိုးက ယင်းလွင်ပြင်နဲ့ သရေခတ္တေရာက ဧရာဝတီရဲ့နံဘေ နဝင်းလွင်ပြင်နဲ့ မိုင်းမော(ပင်လယ်)မြို့ဟောင်းက ကျောက်ဆည်လွင်ပြင်တို့မှာ အသီးသီးတည်ရှိနေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။

ပုဂံခေတ်မှာလည်းဒီလိုပါပဲ ဧရာဝတီရဲ့အရှေ့ဘက် လွင်ပြင်ကြီးအတွင်းမှာ ပုဂံဖြစ်လာမယ့် နေရာ ဒေသကြီးကို အခြေချခဲ့ပြန်ပါတယ်။ သို့ပေမယ့် ပုဂံခေတ်ရဲ့ ရေစီမံခန့်ခွဲမှုအတတ်ပညာဟာ မြစ်တွေ၊ ချောင်းတွေ၊ ရေလှောင်ကန်ကြီးတွေပင်မဟုတ် နန်းတော်တစ်ခု၊ ကျေးရွာတစ်ခု၊ ဘာသာရေးအဆောက်အအုံ တစ်ခုချင်းစီအလိုက် အသေးစိတ်သော ရေစီမံခန့်ခွဲမှုများက အံ့ဩဖွယ်ရာ တိုးတက်နေပြီဖြစ်ကြောင်း တူးဖော်သုတေသနအထောက်အထားများက သက်သေပြလို့နေပါတယ်။

အနော်ရထာမင်းနန်းတော်ရာ တူးဖော်သုတေသနပြုရာတွင် နန်းတော်ရာအဆောက်အအုံ အစိတ်အပိုင်းများအတွင်း အခန်းတစ်ခန်းနှင့်တစ်ခန်းဖြတ်သန်းပြီး တည်ဆောက်ထားသည့် အုတ်စီ ရေမြောင်းများကို လည်းကောင်း၊ စလင်ဒါပုံ မြေအိုးများကို နှစ်ဖက်ဖွင့်လျက် တစ်အိုးနှင့်တစ်အိုး စွပ်လျက်သား ဒေါင်လိုက် အနေအထားဖြင့် ရေသို့မဟုတ် အခြားအရည် တစ်မျိုးမျိုးသိုလှောင်ရန် သို့မဟုတ် အိန္ဒိယပြည်ရှိရှေးဟောင်းမြို့များတွင်လည်း တူးဖော်တွေ့ရှိရပြီး အိန္ဒိယ ရှေးဟောင်းသုတေသနပညာရှင်များ ကမူ အမှိုက်ပစ်ကျင်း၊ တစ်ခါတစ်ရံ အိမ်သာကျင်းအနေဖြင့်အသုံးပြုခဲ့ကြတယ်လို့ သုံးသပ်ထားကြောင်း တွေ့ရှိရပါတယ်။

ဒါ့အပြင် ပုဂံခေတ် ရေမြောင်းများတည်ဆောက်ခဲ့ရာတွင် အုတ်ကိုအစောင်းလိုက် စီပြီးရှည်လျားသည့် ရေမြောင်းများဖြင့် ဘုန်းတော်ကြီးကျောင်း(သို့မဟုတ်)တက္ကသိုလ်စာသင်တိုက်များအတွင်းရှိ ရေကန်များသို့ စနစ်တကျသွယ်ယူခဲ့ခြင်းကို စူဠာမဏိ ဘုန်းကြီးကျောင်းအတွင်း ရှိဦးကျည်ပွေ့ကန်သို့ ရေသွင်းယူခဲ့သည့် ရှေးခေတ်အုတ်စီမြောင်းကသက်သေပဲဖြစ်ပါတယ်။ အဆိုပါအုတ်စီရေမြောင်းအား စူဠာမဏိဘုရား တံတိုင်း အနောက်ဘက်ကပ်လျက်ရှိသည့် မကျည်းကန်နှင့်ချိတ်ဆက်ထားကြောင်းတွေ့ရှိရပါတယ်။ ထိုနည်းအတိုင်း စူဠာမဏိဘုရားတောင်ဘက် ဖိုးသူတော်ကန် နှင့်လည်း ထိုနည်းလမ်းအတိုင်းပင် ချိတ်ဆက်ထားပုံရပါတယ်။

ယခုနောက်ဆုံးတွေ့ရှိချက်အရ ညောင်လက်ဖက်ကန် (သို့မဟုတ်) ညွှန်လက်တစ်ဖက်ကန်၏ အနောက်ဘက် ကန်ဘောင်တွင် အုတ်ခဲကျိုးအစအနများပေါ်ပေါက်နေသောကြောင့် ပုဂံဌာနခွဲ ၊ သုတေသန ဌာနက စမ်းသပ်တူးဖော်ခဲ့ရာတွင် ကန်အတွင်းမှ ရေအား အပြင်သို့ စစ်ထုတ် သွယ်ယူမှုကို မြေမီးဖုတ်ပိုက် ( Terra Cotta pipe) များဖြင့် အသုံးပြုထားကြောင်းတွေ့ရှိရပါတယ်။

အဆိုပါတွေ့ရှိမှုသည် ပုဂံခေတ် ရေစီမံခန့်ခွဲမှု၏ အဆင့်အတန်းမြင့်မားနေမှုကို သက်သေ ပြခြင်းလည်းဖြစ်ပြီး နိုင်းမြစ်ဝှမ်းယဉ်ကျေးမှုအတွင်းအသုံးပြုခဲ့သည့် ရေသွယ်ယူမှုစနစ်များနှင့်လည်း တူညီနေကြောင်း တွေ့ရှိရပါတယ်။

ယခုနှစ်ဘဏ္ဍာရေးကာလအတွင်း ပုဂံဌာနခွဲအနေဖြင့် ပုဂံခေတ်ရေစီမံခန့်ခွဲမှုသုတေသနကို ဆက်လက် သုတေသနပြုဖော်ထုတ်လာခဲ့ရာ တုရင်တောင်ခြေရှိမြကန်၊ အလံပုဂံ၊ အလယ်ကန်၊ ထိုမှ ဖျောက်ဆိပ်ပင်ရွာရှိကန်သုံးကန်၊ အုတ်ဖုတ်ကန်၊ ဆည်ကန်၊ ကန်သစ်ကြီး စသည့်ရေကန်များကို ဖြတ်သန်းလျက် မင်းနန်သူလေးတောင့်ကန်၊ ထိုမှ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန်၊ မနူမရွဲကန် စသည့်ကန်များကိုတဆင့်ဆင့်ဖြတ်သန်းလျက် ပုဂံမြို့ဟောင်း၏ ရေကျုံးအတွင်းဝင် အောင် ဆောင်ရွက် ထားခဲ့ပြီး ကျုံးအတွင်းမှတဆင့် ရေကို နန်းတော်အတွင်းသို့မည်သို့ ဆက်လက်သွယ်ယူခဲ့ကြောင်းကိုလည်း ဆက်လက်သုတေသနပြု ဖော်ထုတ်ရမှာဖြစ်ပါတယ်။

ရှေးခေတ်ရေစီမံခန့်ခွဲမှုအရ ပျူခေတ်မြို့ဟောင်းများတွင် သဘာဝတောင်တန်းများမှတဆင့် ရေသွယ်ယူစုဆောင်းမှု၊ ဧရာဝတီမြစ်ကို ရှေးခေတ် ပင်မကုန်ထုတ်လမ်းကြောင်းအဖြစ်အဓိကအသုံးပြုခဲ့မှု စသည်များကိုလည်း ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ် လေ့လာကာ ပုဂံခေတ် ရေစီမံခန့်ခွဲမှုအဆင့်အတန်း မြင့်မားခဲ့မှုကိုလည်း ဆက်လက်သုတေသနပြု ဖော်ထုတ်သွားရမှာဖြစ်ပါတယ်။

ကျော်မျိုးဝင်း KMW
Director of Bagan World Heritage Site

အသစ်တွေ့ရှိရသည့် ညောင်လက်ဖက်ကန်မှ မြေမီးဖုတ်ပိုက်ရေသွယ်စနစ်

မန်ကျည်းကန်မှ ဦးကျည်ပွေ့ရေကန်အတွင်းသို့ ချိတ်ဆက်ထားသည့် အုတ်စီရေမြောင်းနှင့် ရေစစ်နေရာ

မြေမီးဖုတ်ရေပိုက် (Terra Cotta Pipe)

အနော်ရထာနန်းတော်ရာ တူးဖော်မှုက တွေ့ရှိခဲ့သည့် Ring Well

အနော်ရထာနန်းတော်ရာမှ တူးဖော်တွေ့ရှိရသည့် အုတ်စီရေမြောင်း

မန်ကျည်းကန်မှ ဦးကျည်ပွေ့ရေကန်အတွင်းသို့ ချိတ်ဆက်ထားသည့် အုတ်စီရေမြောင်း

အနော်ရထာနန်းတော်ရာ တူးဖော်မှုက တွေ့ရှိခဲ့သည့် Ring Well

Htei Ri ၏ ဧရာဝတီသီချင်း